Saturday, September 13, 2008

ဒေါ်လာ တန်တဲ့ ခင်ရီရဲ့သတင်းစာရှင်းလင်းပွဲ

သတင်းစာရှင်းလင်းပွဲမှာ အက်ဖ်ဒီဘီကိုတွန်းတင်ပေးနေတော့နေပြည်တော်ကဗိုလ်ချုပ်ကြီးကမေးတယ်။
ဟေ့ကောင်ခင်ရီ၊မင်းပြောသလိုဒီမိုကရေစီဖိုရမ်ကစွမ်းလို့လားကွ.
ခင်ရီ ။ ။ မပူပါနဲ့ဗိုလ်ချုပ်မှူးကြီးခင်ဗျား။သူတို့ပေးပို့တဲ့သတင်းအတိုင်းမြန်မာသံရုံးကပေးပို့ပေးပါတယ်။
လုပ်ကြံသတင်းနည်းနည်းထည့်ပြီး၊အမှားတချို့ပေါင်းကာသတင်းစာရှင်းလင်းလုပ်ပေးလိုက်ပါတယ်။
ကျနော့မိန်းမအတွက်စိန်နားကပ်ကိုတော့အက်ဒီဘီအတွင်းရေးမှူးချုပ်ကြီးကဘန်ကောက်သံရုံးကတဆင့်ပို့ပေး
နေကျပါ။သူတို့နာမည်ပါရင်ပရိုပိုဆယ်ပိုရပါတယ်။ပရိုပိုဆယ်ရရင်ကျနော်တို့(၃)စုခွဲယူရပါတယ်။
ဇာတ်ဆရာအတွင်းရေးမှူးချုပ်ကြီးရယ်၊ဘန်ကောက်သံရုံးရယ်
ကျနော်တို့သတင်းစာရှင်းလင်းပွဲကျင်းပသူတွေရယ်ပါ။
Vote No တုံးကလည်းဘယ်လောက်စွမ်းတယ်ဆိုတာဗိုလ်ချုပ်မှူးကြီးအမြင်ပါပဲ။
မဲလည်းနိုင်တယ်။ပိုက်ဆံလဲရတယ်။
ခုလည်း ၂၀၁၀ အတွက်အဲ့ဒီနည်းအတိုင်းလုပ်ဖို့ကျနော်တို့ကြံစည်နေပါတယ်။ခင်ဗျား။

(သူတောင်းစားတွေ၊ ပြည်တွင်းကဘာမှန်းညာမှန်းမသိတဲ့ကောင်တွေ၊ခရီးစရိတ်လေးတွေရတိုင်းနယ်စပ်ကို
ဖင်ယားပြီးမလာကြနဲ့၊မင်းတို့နယ်စပ်ကကောင်တွေနဲ့UG လုပ်လို့ကတော့မကြာခင်အဖမ်းခံရမယ်ကွ။)

10 comments:

အိုးဝေအောင် said...

ဘိုကြည် လူ့အခွင့်အရေး ကာကွယ်သူဆု ရရှိ Print E-mail
သန်းထိုက်ဦး
အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 17:22 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုဘိုကြည်အား လူ့အခွင့်အရေး ကာကွယ်သူဆု (Human Rights Defender Awards) ယမန်နေ့က ချီးမြှင့် လိုက်သည်။

ကိုဘိုကြည်သည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( မြန်မာနိုင်ငံ ) အေအေပီပီ ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပြီး ထိုအသင်းကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးလဲ ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုတ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ကိုဘိုကြည်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များ ထဲတွင် (၇) နှစ်ကျော် အကျဉ်းချ ခံခဲ့ရပြီး နောက် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း နိုင်ငံရေး အကျဉ်းသာများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်။

ယ္ခုနှစ်အတွက် လူ့အခွင့်ရေး ကာကွယ်သူဆုကို မြန်မာနိုင်ငံသား ကိုဘိုကြည်နှင့်အတူ ကွန်ဂို၊ ဆော်ဒီအာရေးဗီးယား၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသားများ စုစုပေါင်း ငါးဦးအား ချီးမြှင့် ပေးအပ်ခြင်း ဖြစ်သည်။

Unknown said...

အိုးဝေအောင် ဆိုသောကောင်
မင်းကကြော်ငြာခ ငွေရလို့ လား။မင်းကိုယ်တိုင် အေအေပီပီကိုဆဲပြီး ဘန်ကောက်မှာ အဖွဲ့ ထောင်ခဲ့သေးတယ် မဟုတ်လား။မင်းလို့ဘ၀တူအကျဉ်းသားတွေကို ဘိုကြည် ဘယ်လို ဆက်ဆံခဲ့သလဲ ဆိုတာ မေ့သွားပြီလား။မင်းကော ဆုလိုချင်လို့ လား။ဘိုကြည်ကို ပေါင်းရင် မင်းစီးပွားဖြစ်မယ်လို့ ထင်လို့ လား။တန်ဖိုးမဲ့တဲ့ဆုကိုယူမဲ့အစား တန်ဖိုးရှိအောင်ံနေသွားတာ ဘ၀မှာပိုကောင်းပါတယ်။လူတယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွားနေတဲ့ ခေတ်ကြီးကပေးတဲ့ သမိုင်းပေးတာဝန်တွေကိုဘယ်လောက်ကျေပြွန်သလဲဆိုတာ မူတည်တယ်လို့ ဗန်းမော်တင်အောင်ကပြောဘူးတယ်။မင်းဆရာက ဘိုကြည်က သမိုင်းပေးတာဝန်ကျေရဲ့ လားကွ

Unknown said...

နနိသေန(ခ) ဆန်ဒ ။ပညာဝံသ တို့နှစ်ဦးပေါင်းပြီး ဘုန်းကြီးတွေ လူတွေမကောင်းကြောင်းတွေ ရေးမနေကြနဲ့ တော့ကွာ။မင်းတို့ရေးတာတွေ လူမိထားပြီးပြီ မဟုတ်လား။ အမေရိကန်မှာ အဆင်မပြေလို့  လူဝတ်လဲလိုက် ဘုန်းကြီးလုပ်လိုက်
အနှိပ်ခန်းသွားလိုက် လုပ်နေတဲ့ မင်းတို့ ပုံတွေ အင်တာ
နက်မှာတွေ့ ချင်သေးလား။မောင်ချစ်။မာဂ။ကျော်ကြီး
စနေကျော် စသဖြင့် နံမည်မျိုးစုံတပ်ပြီး လုပ်နေတဲ့
ဘုန်းကြီးအတုတွေ မင်းတို့ ၂ဦး အရက်မူးပြီး သောက်တင်း ပြောနေတဲ့ အသံတွေကိုပါ ဖွင့်ချပေးရမလား။ ရွေဝါရောင် အမည်ခံပြီး လူလိမ်လုပ်နေတာ ဖာသည်ဖင်လို့ ပါစပ်ကပြောနေတာ တကယ်လှုပ်ရှားလာတဲ့ဘုန်းကြီးတွေအတွက် နစ်နာလိုက်တာ

Unknown said...

ဘုန်းကြီးတွေကို စော်ကားနေတာ ကိုယ့်အဆင့် ကိုယ်ဖော်ပြနေတာဘဲ။လေသံကလဲ နအဖ အတိုင်းဘဲ။

Unknown said...

ထွန်းအောင်ရေ မင်းကကော ကတုံးတုံးထားတဲ့ခွေးတကောင်ပဲလား။ဒါမှမဟုတ် လူလိမ်၂ကောင်ထဲက တကောင်လားကွ။မင်းချီးမစားထားဘူးဆိုရင် စဉ်းစားပြီးယုံပေါ့ကွာ။သံဃာ့လှုပ်ရှားမှုမှာ
တကယ်ပါလာတဲ့ ဘုန်းကြီးတွေကို ပညာဝံသနဲ့ နံနိသေနဆိုတဲ့ခွေး၂ကောင် ရေးချင်တာရေးတုန်းက မင်းက သူတို့နဲ့ အတူ ချီးသွားစားနေတယ်နဲ့ တူတယ်
မမြင်ရင် ရှေ့ မှာရေးထားတာတွေ ပြန်ဖတ်ကြည့်အုန်း
လူလို တတ်တယ်ဆိုရင်ပေါ့ ။

Unknown said...

သိသွားပြီ မင်းက ကတုံးနဲ့ ခွေးပဲ မင်းတို့နှစ်ကောင်
ဘာဆိုတာ မကြာခင်မှာ သိစေရမယ်။ချီးကြိုက်တဲ့
ခွေးကတုံးတွေဆိုတော့ ချီးစားပြိးတော့ စောင့်နေ။
ဘိုင် ဘိုင် ဘိုင်
အမေရိကန်မှာ အေအိုင်ဒိအက်စ်ဖြန့်ဖြူးရေးတွေ
လုပ်မနေနဲ့ အုန်း မင်းတို့  နဲ့ လိင်ဆက်ဆံခဲ့တဲ့ မိန်းမ
တွေက ရောဂါတွေ နဲ့ ။ဘန်ကောက်က မိန်းမက သူကို မ
မခေါ်ဘူးဆိုရင် ပညာဝံသနဲ့ လိင်ဆက်ဆံနေတဲ့ ပုံ ထုတ်
ုပြမယ်တဲ့။ဆန်ဒ(ခ) နနိသေနကတော့ ဗမာပြည်မှာ
သူနဲ့လိင်ဆက်ဆံခဲ့တဲ့ မိန်းမက အမေရိကကို အမြန်ခေါ်
ပါတဲ့ ။မခေါ်ရင် ဖုန်းထဲမှာ အီထားတဲ့ အသံတွေ အင်တာနက်မှာ၇ှိုးလိုက်မယ်တဲ့။ သတိထား။သတိထား
လူလိမ်ဘုန်းကြီးများ။မင်းတို့ လို့ ဖာခေါင်းတွေကို ပတ်စပို့ ထုတ်ပြီးပေးခဲ့တဲ့ နအဖကို လည်းအကြွေးဆပ်
လိုက်အုန်း။ သိန်းထောင်ချီ မကုန်ပဲ အမေ၇ိကန်ရောက်အောင် လုပ်ပေးခဲ့ တဲ့ ကျေးဇူးရှိတယ်မဟုတ်လား။

Unknown said...

ပေးစာ (၁).... လူထုသည် အချဉ်မဟုတ်
ပေးစာ (၂ )....မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော.....
ပေးစာ (၃) ....ဘာလုပ်ကြမှာလဲ
ပေးစာ (၄).... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ


ပေးစာ (၁)....... လူထုသည်အချဉ်မဟုတ်

၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်၊ ကျနော်တို့မန္တလေးအိမ်တော်ရာသပိတ်စခန်းတွေကို အာဏာသိမ်း
ပြီးတပတ်လောက်အထိဝင်သိမ်းလို့မရခဲ့ဘူး။ သပိတ်စခန်းမှာလက်နက်တွေရှိတယ်လို့သတင်းရခဲ့ကြသလို၊ ရပ်ကွက်ထဲကလူတွေက
ရရာလက်နက်နဲ့ပြန်ချမယ်ဆိုတာသိနေလို့ပါ။ နောက်...မကြာခင်စစ်တပ်ကဝင်လာပြီးရက်ကွက်ထဲကလူတွေကို ချောဆွဲလိုက်တယ်။
တားဆီးထားတဲ့အုတ်ပုံတွေကိုရပ်ကွက်ကလူတွေကိုရှင်းခိုင်းတယ်။ အုတ်ပုံထဲမှာ တရုတ်ဘက်ကတင်သွင်းတဲ့လက်ပစ်ဗုံးတွေမြှုပ်
ထားတယ်ဆိုတာသူတို့သိတယ်။ တချို့ဆိုဗုံးပေါက်လို့သေကုန်ကြတယ်။ ဒါပေမဲ့လူထုကအားမလျော့ခဲ့ကြပါဘူး။ လက်နက်ဘယ်လို
ရမလဲဆိုတာကိုကြံခဲ့ကြတယ်။ကျောင်းသားတွေကိုလက်နက်ရှာပေးဖို့တောင်းဆိုခဲ့ကြတယ်မို့လား။ ကျနော်ပြောချင်တာက လူထုဟာ
သူပုန်ကိုမျှော်ခဲ့ကြတာပါ။ ကုလသမဂ္ဂတပ်ကိုမဟုတ်ပါဘူး။


အနှစ်(၂၀) နီးပါးလောက်ထိသူပုန်ကမြို့ထဲဝင်ပြီးသေနတ်ဖောက်သံမကြားမှ
ကုလသမဂ္ဂကိုဟုတ်နိုးနိုးမျှော်ခဲ့ကြတယ်ထင်တာပဲ။ လူထုကိုလျော့မတွက်ပါနဲ့။ လူထုကဘယ်သူဘာလဲဆိုတာသိပါတယ်။
သမိုင်းတွေကိုသိပါတယ်။ ဘလော့တွေပေါ်မှာပိုက်ဆံမပေးရတိုင်း လူထုကိုဘာလုပ်ကြ၊ညာလုပ်ကြဆိုတဲ့မိန့်ခွန်းတွေကို ဘာမှမသိတဲ့
ကလေးတွေကသာအဟုတ်မှတ်ကြပါလိမ့်မယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာသေချာလုပ်ရတာပါ။ လေစစ်တိုက်နေလို့မရပါ။

ပေးစာ (၂ ) မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော........

ကျနော်တို့ နိုင်ငံရေးစလုပ်ခါစတုံးက၊ ကျနော်တို့ရဲ့ယူဂျီခေါင်းဆောင်တွေကသင်ကြားခဲ့ဘူးတယ်။ ကိုယ်ဖတ်မဲ့စာအုပ်ကိုစာအုပ်ဆိုင်မှာ
တွေ့ရင်တောင်ကိုယ်တိုင်မဝယ်နဲ့တဲ့။ ကိုယ်ဘာဖတ်နေလဲဆိုတာမိဘတောင်အသိမပေးရဘူး။ ကိုယ်ကယူဂျီလုပ်မဲ့သူ ဆိုတော့လျှို့ဝှက်
နိုင်သမျှလျှို့ဝှက်နေပါတဲ့။ စစ်ကြောရေးအတွက်လည်းသူငယ်ချင်းတွေ နဲ့ ဇာတ်လမ်းတွေကိုဇာတ်တိုက်ထားရသေးတယ်။ မြေအောက်
လုပ်ငန်းဆိုတာအချိန်မရွေးဖမ်းခံရနိုင်တယ်။ သေလူဖြစ်နေတယ် ဆိုတာကိုသတိထားဖို့ပါ။
မကြာသေးခင်က ဗျာ.... ခင်ဗျား တို့ထိုင်းနယ်စပ်ကဆိုပြီး ကျောင်းသားတချို့ဝင်လာတယ်။ ပိုက်ဆံကူညီချင်တယ်လို့ပြောတယ်။
ကျနော်တို့ကဘာလုပ်ပေးရမှာလဲလို့မေးတော့၊ ပုံမှန်သတင်းတွေကိုသာပို့ပေးပါတဲ့။ ကျနော်တို့သူ့ဆီကပိုက်ဆံကိုမယူခဲ့ပါဘူး။
ငွေရေးကြေးရေးကူညီတယ်ဆိုတာ ၈၈အရေးတော်ပုံကာထဲကရှိတာဗျ။ ခုမှမဟုတ်ဘူး။ ဒါပေမဲ့ ၈၈ တုံးကမြေအောက်လှုပ်ရှားမှုလာလုပ်
တဲ့သူတွေကခုလိုလူတွေလိုမဟုတ်ဘူး။ သံမဏိစည်းကမ်းနဲ့နေတာ။ ခုကျ... သတင်းဝယ်ယူတာကို၊ သတင်းရောင်းစားတာကိုမြေအောက်
လှုပ်ရှားမှုလုပ်တယ်ထင်နေကြတာ။ လူတိုင်းနဲ့လျှောက်တွေ့တယ်။ မျိုးဆက်သစ်လူငယ်အုပ်စုတွေအဖမ်းခံရတယ်။
ရင်မောစရာပဲဗျာ။ မခက်ဘူးလား။

ပေးစာ (၃) ဘာလုပ်ကြမှာလဲ

အတိုက်အခံ ဆိုသော၊ ကျောင်းသားခေါင်းဆောင်ဆိုသောပုဂ္ဂိုလ်တွေကိုတခုမေးချင်ပါတယ်။ ဂန်ဘာလီလာတော့ ဂန်ဘာလီနောက်လိုက်
သုံးသပ်၊ ဘန်ကီမွန်းလာတော့ ဘန်ကီမွန်းနောက်လိုက်ပြီးသတင်းပေါ်မှာလိုက်ဆွေးနွေး။ ဆိုင်ကလုံးဖြစ်တော့ ဆိုင်ကလုန်းပေါ်မှာမျော..
ခင်ဗျားတို့ပြောတော့ ကုလသမဂ္ဂ ဆိုတာ ဘာမှသုံးမရဘူးဆို...ခင်ဗျားတို့ပြောတော့ လူထုအင်အားဆို...
ဘာလို့လူထုအင်အားကိုအခြေခံပြီးမလုပ်ပဲ ပေါ်ပင်တွေလုပ်နေကြတာလဲ။ ဆီမီနာတွေ၊ ညီလာခံတွေလုပ်ပြီး လိမ်စားမနေကြပါနဲ့တော့၊ တချို့ အနှစ် (၂၀) စာစုစောင်းမိထားတဲ့ ထိုင်းနယ်စပ်ကလူတွေကိုလည်းအပြစ်မပြောချင်တော့ပါဘူး။
ဒါပေမဲ့ ဒီတခါတော့တောင်းပန်ပါတယ်ဗျာ။ပိုက်ဆံတွေလိမ်စားနေတာတွေရပ်ပြီး ပြည်သူအကျိုးကိုတချက်လောက်လုပ်ကြပါအုံး။
လူတွေပြောနေတဲ့ “ ဗမာပြည်နိုင်ငံရေးက ထိုင်းနယ်စပ်ကကောင်တွေ နဲ့စစ်တပ်ပဲချမ်းသာပြီးလူထုကငတ်နေတယ်” ဆိုတဲ့
ဝေဖန်သံတွေကိုလည်းကြားမိကြလိမ့်မယ်လို့ထင်ပါတယ်။ စစ်တပ်လို အကျင့်ပျက်ချစားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ
ကျဆုံးကြပါစေလို့ဆုတောင်းနေတယ်ဗျာ။ ကြာပန်းလည်းခူး၊ ဟိုဘက်ကမ်းလည်းရောက်အောင်ပို့ တဲ့ ဘုရားဟောခဲ့ဘူးတယ်။

ပေးစာ(၄)..... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ.......

ဆိုင်ကလုန်းမကျခင်တုံး က အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ လူထုအင်အားဆိုပြီး အော်ခဲ့ကြတယ်ဗျ။ ဆိုင်ကလုံးလဲ ကျ၊ လူတွေလည်းဒုက္ခရောက်ရော.. လူသားချင်းစာနာမှုအကူအညီတွေ နဲ့ပြင်သစ်ကပဲဝင်မှာလိုလို၊ အမေရိကန်ကပဲလာမှာလိုလို..
ဟိုအားကိုး၊ ဒီအားကိုးဖြစ်ကုန်ကြရော။ ကျနော်ထင်တယ်။ အဲ့ဒီလူတွေ.. လူထုအင်အားကိုတကယ်မယုံဘူးလို့..
မသိလို့မေးပါရစေအုံး
လူသားချင်းစာနာသနားမှုအကူအညီတွေဇွတ်ဝင်ပေးပြီး အာဏာရှင်တွေပြုတ်ကျသွားတဲ့တိုင်းပြည်တခုလောက်ရှိရင်ပြောပြစမ်းပါအုံး။
အော်... ဆိုင်ကလုံးက ဧရာဝတီမြစ်ဝကျွန်းပေါ်တင်မကဘူး။ အတိုက်အခံတွေကိုလည်းဝင်တိုက်သွားတာကိုး.... ကျွတ်ကျွတ်... ကျွတ်ကျွတ်......

Unknown said...

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့
နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်

နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်

နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်

နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်

နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး

နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်

နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်

နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ

နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု

နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်

နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်

နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း

နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည

နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်

နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
“နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်”
တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
“ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး”

နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ

နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်

နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး

နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ

နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်

နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက

နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။

Unknown said...

ငါလိုးမသား ပြည်တွင်း က ရဲဘော်တွေ ကို မပုတ်ခက်နဲ
မင်းမေ မင်း လိုးသွားမယ်

Unknown said...

စားပေါက်ကတော့ အမျိုးမျိုးပဲနော်။ ၁၉၉၆ ခုနှစ်တုန်းလည်း Open School Campaign ဆိုပြီး ဒေါ်လာသန်းချီတဲ့ ရရှိတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နော်ဝေးတနိုင်ငံတည်းက
လုပ်ချလိုက်ပြန်ပြီအော် တော်တော် တော်တဲ့ ပုဂ္ဂိုလ်တွေပါလား။ နေ ကရိုနာ သန်း ၂၀ လောက် ရရှိခဲ့တယ်။ အဲဒီတုန်းကလည်း ကျော်ကျော် နိုင်အောင် ခင်မောင်ဝင်းတို.က ဦးဆောင်တယ်။ ဒေါက်တာသောင်းထွန်းကတို.က နောက်က ပံ့ပိုးပေးတယ်။ ဗကသများအဖွဲချုပ် နိုင်ငံခြားရေးကော်မတီနှင့် အတူ Open School လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နောက်ဆုံး အဝေမတဲ့လို. မဲဆောက်မှာ ရှိတဲ့ ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီရုံးမှာ ကွန်ပြူတာကို ယူသူက ယူ တခြား ပစ္စည်းကို စွဲသူက စွဲဆိုပြီးအချင်းချင်း အဝေမတည့်လို. ရရာကို ယူပြီး အမွေခွဲသလိုဖြစ်ခဲ့တာ အားလုံး မှတ်မိနေကြမှာပါ။ကဲ အခု လာပြန်ပြီ။ လုပ်ချလိုက်ပြန်ပြီ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတဲ့။ ကြားရရင်တော့ နတ်လူ သာဓု ခေါ်ရမည့်ကိစ္စ။ အကြောင်း အမျိုးမျိုးကြောင့် ထောင်ထဲမှာ အဖမ်းခံရသူတွေကို သနားမိသလို။ စာလည်း စာနာမိပါတယ်။ လွတ်လည်း လွတ်စေချင်ပါတယ်။နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလွတ်တော့မသိဘူး။ ဒီလှုပ်ရှားမှုအတွက်ကို အကြောင်းပြပြီး လုပ်စားဖို.အတွက် ဂွင်တခုကတော့ ကျော်ကျော်တို. နိုင်အောင်တို. ခင်ဥမ္မာတို. လက်ဦးမှု ရရှိလိုက်တာပဲ။ ဒီတခါတော့ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီ၏အပိုင်နယ်မြေမဟုတ်တော့ဘူး။ မောင်မောင်တိတ်တို.. ဘိုကြည်တို. စားချက်ဖြစ်သွားတယ်။ နိုင်ငံရေးအကျဉ်းသားမဟုတ်လား။ ဆရာကြီးကျော်ကျော်တို. နိုင်အောင်တို..ကတော့ ထုံးစံတိုင်းပဲ။ စားကွက်ထွင်ရာမှာတော့ စံပဲ။ ဒါကြောင့်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေး လုပ်နေပါတယ်လို. ပြောရင်းနှင့်ပဲ ကားကောင်းကောင်းကြီးတွေ စီး။ အိမ်ကောင်းကောင်းကြီးတွေမှာနေ။ မက်ဆီကိုက ဘိန်းဘုရင် Drug Cartels တွေလိုပဲ ခေါင်းဆောင်ကြီးတွေလိုဖြင့် ဗိုလ်စံစံနှင့် ထိုင်းနိုင်ငံမှာ ဇိမ်ခံနေတာ။ ဒါကြောင့် ကျော်ကျော်တို. နိုင်အောင်တို. ခင်မောင်ဝင်းတို. ခင်ဥမ္မာတို. လုပ်တဲ့ နိုင်ငံရေး တော်လှန်ရေးကို လုပ်ချင်လို. အားကျနေတဲ့သူတွေလည်း ဒုနဲ.ဒေးရှိနေတယ်။ သွားရည်ယိုသူတွေ အများသားပဲ။ မြန်မာပြည်မှာ စီးပွားရေး လုပ်ရင်တောင် သေချာပေါက် ကြီးပွား မကြီးပွားက မသေချာဘူး။ နောက် ဟိုလူဖား ဒီလူဖားနှင့် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အခုတော့ တော်လှန်ရေး ခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် လူအခွင့်ရေးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေလည်း ရရှိသေးတယ် မျက်နှာပန်းလည်း လှတယ်။ နောက် ငွေလည်း အချောင်ရတယ်။ နိုင်ငံတကာနှင့် သွားချင်ရာလည်း အခမဲ့ ခရီးသွားခွင့်ရရှိတယ်။ ဒီတော့ ဒီလို တော်လှန်ရေးမျိုး အလုပ်မျိုး နှစ်ရှည်လရှည်ဖြစ်စေချင်တာ ဘာ ဆန်းမလဲ။စောစောစီးစီး ပွဲပြီးသွားရင် ဒုက္ခရောက်ရချီရဲ့။ ကိုယ်ကျိုးနည်းရချီရဲ.။ တကယ် ခံနေရသူတွေကတော့ အထဲကလူတွေပဲ။ သနားစရာ ကောင်းတယ်လို. ပြောရမလား။ မဟုတ်ရင်လည်း ဒီလောက် အသုံးမကျရလားအ လှ ချီလားဆိုပြီး ဒေါသ ထွက်ရမလား။ သူများတွေ လုပ်စားခွင့် ဂွင်ရအောင် စားခွက်ရအောင် ကိုယ့်ဘ၀တွေ မိသားစုဘ၀တွေကို စတေးပြီး အထဲမှာ စွပ်အတင်း လုပ်နေတာ။စစ်တပ်ကို စိမ်ခေါ်နေကြရှာတာ။ သနားပါတယ်နော်။ ဒီလို လုပ်လေ တိုင်းပြည်တော့ ဘာမှ ဖြစ်မလာသလို သူတို.ဘ၀တွေလည်း ပျက်။ တကယ် အမြတ်ထွက်သူတွေကတော့ NDD က ကျော်ကျော် နိုင်အောင် ခင်ဥမ္မာနှင့် DVB က ခင်မောင်ဝင်းတို. NCGUB က သောင်းထွန်းတို.ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီတခါ No Vote 2010 Election တော. ဈေးကွက်မ၀င် ဈေးကွက်မမြင်လို.လားမသိ ရှောင်နေတယ် လူ အ လေးတွေလို။Campaign လုပ်စားသူ ဆန်.ကျင်ရေးတပ်ဦး ( Political Marketing Group)