Monday, September 8, 2008

လက်မှတ်လိုချင်ရင်နောင်ဘဝထိလိုက်

နိုင်ငံရေးအန်တုမှုတွေ၊စိန်ခေါ်မှုတွေကိုလူတွေကြားဘူးကြပါလိမ့်မယ်။ဒါပေမဲ့စိန်ခေါ်မှုတွေကိုငြင်းဆန်တဲ့၊
ရန်ကိုရန်ခြင်းမတုံ့နှင်းနဲ့ဝန်ကြီးတွေ၊ခုတလောအာပုတ်စော်နံအောင်အင်တာဗျူးနေကြပါတယ်။
အမေရိကန်ပြည်ထောင်စုကနေတခြားနိုင်ငံကိုပြောင်းပြီးနိုင်ငံရေးလုပ်ရမယ်ဆိုရင်စင်ပြိုင်အစိုးရက
နှုတ်ထွက်မယ်လို့ခြိမ်းခြောက်ခဲ့တဲ့၊ အာအာကြီးဒေသဆိုင်ရာ(လေပေါလွန်းတဲ့နယ်မြေကိုပြောခြင်းဖြစ်ပါတယ်)ဝန်ကြီးဦးဘိုလှတင့်ရဲ့လေတွေကဒီလိုပါ။

မေး.... ဝန်ကြီးများခင်ဗျား... ခင်ဗျားတို့မှာကိုယ်ပိုင်နယ်မြေလည်းမရှိ၊ကိုယ်ပိုင်စစ်တပ်လည်းမရှိ၊
ကိုယ့်ကိုထောက်ခံတဲ့ပြည်သူလည်းမရှိပဲနဲ့အစိုးရလုပ်လာတာ နှစ်တွေကြာနေပါပြီ။ ညှောင်နှာနှာရာသက်ပန်ဝန်ကြီးချုပ်ကလည်းပြည်သူတွေကိုစိတ်အားပျက်ပြားသွားအောင်လုပ်နိုင်စွမ်းရှိသူတယောက်
ဖြစ်ပါတယ်။ ဒီလိုမျိုးမူဝါဒတွေကိုဘယ်တော့မှပြောင်းလဲမယ်လို့စိတ်ကူးထားပါသလဲ။

ဘို.....ဟာ..ကျုပ်တို့ကမာနကြီးတယ်ဗျ၊ ကျနော်တို့နဲ့စစ်အစိုးရနဲ့ချရမဲ့ပွဲကရေဆုံးရေဖျားမို့လား။ ဒီကောင်တွေကလည်းသေတဲ့အထိရာထူးမစွန့်လွှတ်ဘူး။ကျုပ်တို့ကလည်းသေတဲ့အထိရာထူးမစွန့်လွှတ်နိုင်ဘူး။
အဲ့ဒီတော့ဒီဘဝမှာမအောင်ရင်နောက်ဘဝပေါ့ဗျ၊ဒါကြောင့်ကျုပ်တို့အစိုးရသက်တမ်းကို
တမလွန်ထိရွှေ့ထားတယ်။နောက်ဘဝကျမှ ကျုပ်တို့မူဝါဒတွေပြောင်းတော့မယ်ဗျို့။ တခုပဲပေါ့.. နောင်ဘဝမှာရမဲ့ဒေါ်လာဈေးပေါ်မူတည်ပြီး အစိုးရအဖွဲ့အပြောင်းအလဲလုပ်မယ်။
(သောက်သုံးမကျသည့်မာနတွေကတော့ အမတ်တွေမှာထိပ်တက်နေပြီ)

ဂလိုကြောင့် အကျွန်ုပ်တို့၏အထောက်တော်သည် လူလိမ်အကြီးစားကြီးကိုတဖန်ပြန်လည်မေးလိုက်ပြန်၏။

မေး--ကဲ..ကဲ.. ညွှန့်ပေါင်းအစိုးရဆီကလက်မှတ်ရဖို့ကြိုးစားနေတဲ့ ဦးမောင်မောင်ကြီး.. ခင်ဗျားသူတို့ဆီက
လက်မှတ်ရဖို့ကတော့ နောက်ဘဝထိလိုက်ရလိမ့်မယ်။ နေပါအုံး..ခင်ဗျားကသတ္တိကောင်းလှချည်းလား။
ကုလသမဂ္ဂမှာဘာတွေများစိန်ခေါ်မလို့လဲ။
(ဦးမောင်မောင်... မလုံမလဲဖြင့်-- ဈေးကောက်လာခါနီးအလစ်သုတ်သမားအမြန်ခိုးမည့်
ပစ္စည်းကိုကြည့်ဟန်ဖြင့်ဘေးဘီသို့ကြည့်စေ)

မောင်... ဒီလိုဗျ။ စစ်အစိုးရနဲ့ကျုပ်နဲ့တိတ်တိတ်တမျိုး၊ဗျောင်တမျိုးခိုးနေတာကြာပြီ။ ဒါကြောင့်ဘယ်သူက
ပိုခိုးနိုင်သလဲဆိုတာနိုင်ငံတွေအားလုံးရှေ့မှာအရည်အချင်းစစ်ကြမလို့.....

(ေ-ွးမသား--သေချင်းဆိုးစင်ပြိုင်အစိုးရနဲ့မောင်မောင်ဆိုတဲ့ကောင်... တဖွဲ့ကနောင်ဘဝကျမှမူဝါဒပြောင်းမယ်။
တယောက်ကဘယ်လိုခိုးရမလဲဆိုတာစောင့်နေတယ်။ နှစ်ဖွဲ့စလုံး ဆီပူပူထဲထည့်။
ကျွတ်ကျွတ်တူးတဲ့အခါကျမှလူမစားတဲ့နင်တို့အသားခွေးစာသာကျွေးပစ်တော့ဟယ်....တူ...ဝေဝေ..)

7 comments:

ဇော်ဂနီမလေး said...

ခွေးသူခိုးမောင်မောင်
ရွှေဝါရောင်လှုပ်ရှားမှုကြီးကို မင်းတို့ ကခိုင်းလို့ လုပ်ပါ
တယ်လို့ ပြောစေချင်တာ။
သံဃာတွေက တပါးမှ မင်းပြောစေချင်သလို မပြောတော့ စောက်ရှက်ကွဲရော မဟုတ်လား။
ဆောရီး.. နဂိုကတည်းက စောက်ရှက်မရှိတာပါ။
ဒါတောင် ခု RAMBO ဘုန်းကြီးတူမ နှစ်လင် သုံးလင်ကွာ ကောင်မကရင်မနဲ့  သွားသွားအိပ်နေတဲ့ သီ
လာနန္ဒ ကို ဃောသိတ ပါဆိုပြီး ကမ္ဘာကိုလိမ်ဖို့ ချင်းမိုင်
ခေါ်သွားသေးတယ်။
ကိုယ်တော်နှစ်ပါးလုံးကလည်း ချီးဦးနှောက်တွေဆိုတော့
ဘာမှ မသိဘူး။
သနားစရာ.....................။

အိုးဝေအောင် said...

ဘိုကြည် လူ့အခွင့်အရေး ကာကွယ်သူဆု ရရှိ Print E-mail
သန်းထိုက်ဦး
အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 17:22 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုဘိုကြည်အား လူ့အခွင့်အရေး ကာကွယ်သူဆု (Human Rights Defender Awards) ယမန်နေ့က ချီးမြှင့် လိုက်သည်။

ကိုဘိုကြည်သည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( မြန်မာနိုင်ငံ ) အေအေပီပီ ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပြီး ထိုအသင်းကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးလဲ ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုတ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ကိုဘိုကြည်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များ ထဲတွင် (၇) နှစ်ကျော် အကျဉ်းချ ခံခဲ့ရပြီး နောက် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း နိုင်ငံရေး အကျဉ်းသာများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်။

ယ္ခုနှစ်အတွက် လူ့အခွင့်ရေး ကာကွယ်သူဆုကို မြန်မာနိုင်ငံသား ကိုဘိုကြည်နှင့်အတူ ကွန်ဂို၊ ဆော်ဒီအာရေးဗီးယား၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသားများ စုစုပေါင်း ငါးဦးအား ချီးမြှင့် ပေးအပ်ခြင်း ဖြစ်သည်။

salon lay said...

ဘလော့ဂါရေ ခင်ဗျားရေးတာတွေထက်ပိုပြီး ခင်ဗျားသိနေဦးမယ်ဆိုတာကျနော်ယုံတယ် ဒါပေမယ့်
မပြောသင့်လို့ မပြောသေးတဲ့ခင်ဗျားမျိုသိပ်မှုတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ချပြလိုက်ရင်တော့ တစုံတခုအတွက် အကျိုးသက်ရောက်မှုရှိမှာပဲ သတိတော့ထားပေါ့ဗျာ ကိုဇာဂနာကပြောဖူးတယ် မှန်တဲ့သူတွေကျန်ခဲ့တယ်တဲ့

Unknown said...

နနိသေန(ခ) ဆန်ဒ ။ပညာဝံသ တို့နှစ်ဦးပေါင်းပြီး ဘုန်းကြီးတွေ လူတွေမကောင်းကြောင်းတွေ ရေးမနေကြနဲ့ တော့ကွာ။မင်းတို့ရေးတာတွေ လူမိထားပြီးပြီ မဟုတ်လား။ အမေရိကန်မှာ အဆင်မပြေလို့  လူဝတ်လဲလိုက် ဘုန်းကြီးလုပ်လိုက်
အနှိပ်ခန်းသွားလိုက် လုပ်နေတဲ့ မင်းတို့ ပုံတွေ အင်တာ
နက်မှာတွေ့ ချင်သေးလား။မောင်ချစ်။မာဂ။ကျော်ကြီး
စနေကျော် စသဖြင့် နံမည်မျိုးစုံတပ်ပြီး လုပ်နေတဲ့
ဘုန်းကြီးအတုတွေ မင်းတို့ ၂ဦး အရက်မူးပြီး သောက်တင်း ပြောနေတဲ့ အသံတွေကိုပါ ဖွင့်ချပေးရမလား။ ရွေဝါရောင် အမည်ခံပြီး လူလိမ်လုပ်နေတာ ဖာသည်ဖင်လို့ ပါစပ်ကပြောနေတာ တကယ်လှုပ်ရှားလာတဲ့ဘုန်းကြီးတွေအတွက် နစ်နာလိုက်တာ

Unknown said...

သိသွားပြီ မင်းက ကတုံးနဲ့ ခွေးပဲ မင်းတို့နှစ်ကောင်
ဘာဆိုတာ မကြာခင်မှာ သိစေရမယ်။ချီးကြိုက်တဲ့
ခွေးကတုံးတွေဆိုတော့ ချီးစားပြိးတော့ စောင့်နေ။
ဘိုင် ဘိုင် ဘိုင်
အမေရိကန်မှာ အေအိုင်ဒိအက်စ်ဖြန့်ဖြူးရေးတွေ
လုပ်မနေနဲ့ အုန်း မင်းတို့  နဲ့ လိင်ဆက်ဆံခဲ့တဲ့ မိန်းမ
တွေက ရောဂါတွေ နဲ့ ။ဘန်ကောက်က မိန်းမက သူကို မ
မခေါ်ဘူးဆိုရင် ပညာဝံသနဲ့ လိင်ဆက်ဆံနေတဲ့ ပုံ ထုတ်
ုပြမယ်တဲ့။ဆန်ဒ(ခ) နနိသေနကတော့ ဗမာပြည်မှာ
သူနဲ့လိင်ဆက်ဆံခဲ့တဲ့ မိန်းမက အမေရိကကို အမြန်ခေါ်
ပါတဲ့ ။မခေါ်ရင် ဖုန်းထဲမှာ အီထားတဲ့ အသံတွေ အင်တာနက်မှာ၇ှိုးလိုက်မယ်တဲ့။ သတိထား။သတိထား
လူလိမ်ဘုန်းကြီးများ။မင်းတို့ လို့ ဖာခေါင်းတွေကို ပတ်စပို့ ထုတ်ပြီးပေးခဲ့တဲ့ နအဖကို လည်းအကြွေးဆပ်
လိုက်အုန်း။ သိန်းထောင်ချီ မကုန်ပဲ အမေ၇ိကန်ရောက်အောင် လုပ်ပေးခဲ့ တဲ့ ကျေးဇူးရှိတယ်မဟုတ်လား။

Unknown said...

ပေးစာ (၁).... လူထုသည် အချဉ်မဟုတ်
ပေးစာ (၂ )....မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော.....
ပေးစာ (၃) ....ဘာလုပ်ကြမှာလဲ
ပေးစာ (၄).... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ


ပေးစာ (၁)....... လူထုသည်အချဉ်မဟုတ်

၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်၊ ကျနော်တို့မန္တလေးအိမ်တော်ရာသပိတ်စခန်းတွေကို အာဏာသိမ်း
ပြီးတပတ်လောက်အထိဝင်သိမ်းလို့မရခဲ့ဘူး။ သပိတ်စခန်းမှာလက်နက်တွေရှိတယ်လို့သတင်းရခဲ့ကြသလို၊ ရပ်ကွက်ထဲကလူတွေက
ရရာလက်နက်နဲ့ပြန်ချမယ်ဆိုတာသိနေလို့ပါ။ နောက်...မကြာခင်စစ်တပ်ကဝင်လာပြီးရက်ကွက်ထဲကလူတွေကို ချောဆွဲလိုက်တယ်။
တားဆီးထားတဲ့အုတ်ပုံတွေကိုရပ်ကွက်ကလူတွေကိုရှင်းခိုင်းတယ်။ အုတ်ပုံထဲမှာ တရုတ်ဘက်ကတင်သွင်းတဲ့လက်ပစ်ဗုံးတွေမြှုပ်
ထားတယ်ဆိုတာသူတို့သိတယ်။ တချို့ဆိုဗုံးပေါက်လို့သေကုန်ကြတယ်။ ဒါပေမဲ့လူထုကအားမလျော့ခဲ့ကြပါဘူး။ လက်နက်ဘယ်လို
ရမလဲဆိုတာကိုကြံခဲ့ကြတယ်။ကျောင်းသားတွေကိုလက်နက်ရှာပေးဖို့တောင်းဆိုခဲ့ကြတယ်မို့လား။ ကျနော်ပြောချင်တာက လူထုဟာ
သူပုန်ကိုမျှော်ခဲ့ကြတာပါ။ ကုလသမဂ္ဂတပ်ကိုမဟုတ်ပါဘူး။


အနှစ်(၂၀) နီးပါးလောက်ထိသူပုန်ကမြို့ထဲဝင်ပြီးသေနတ်ဖောက်သံမကြားမှ
ကုလသမဂ္ဂကိုဟုတ်နိုးနိုးမျှော်ခဲ့ကြတယ်ထင်တာပဲ။ လူထုကိုလျော့မတွက်ပါနဲ့။ လူထုကဘယ်သူဘာလဲဆိုတာသိပါတယ်။
သမိုင်းတွေကိုသိပါတယ်။ ဘလော့တွေပေါ်မှာပိုက်ဆံမပေးရတိုင်း လူထုကိုဘာလုပ်ကြ၊ညာလုပ်ကြဆိုတဲ့မိန့်ခွန်းတွေကို ဘာမှမသိတဲ့
ကလေးတွေကသာအဟုတ်မှတ်ကြပါလိမ့်မယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတာသေချာလုပ်ရတာပါ။ လေစစ်တိုက်နေလို့မရပါ။

ပေးစာ (၂ ) မြေအောက်လှုပ်ရှားမှု နှင့်ပတ်သက်သော........

ကျနော်တို့ နိုင်ငံရေးစလုပ်ခါစတုံးက၊ ကျနော်တို့ရဲ့ယူဂျီခေါင်းဆောင်တွေကသင်ကြားခဲ့ဘူးတယ်။ ကိုယ်ဖတ်မဲ့စာအုပ်ကိုစာအုပ်ဆိုင်မှာ
တွေ့ရင်တောင်ကိုယ်တိုင်မဝယ်နဲ့တဲ့။ ကိုယ်ဘာဖတ်နေလဲဆိုတာမိဘတောင်အသိမပေးရဘူး။ ကိုယ်ကယူဂျီလုပ်မဲ့သူ ဆိုတော့လျှို့ဝှက်
နိုင်သမျှလျှို့ဝှက်နေပါတဲ့။ စစ်ကြောရေးအတွက်လည်းသူငယ်ချင်းတွေ နဲ့ ဇာတ်လမ်းတွေကိုဇာတ်တိုက်ထားရသေးတယ်။ မြေအောက်
လုပ်ငန်းဆိုတာအချိန်မရွေးဖမ်းခံရနိုင်တယ်။ သေလူဖြစ်နေတယ် ဆိုတာကိုသတိထားဖို့ပါ။
မကြာသေးခင်က ဗျာ.... ခင်ဗျား တို့ထိုင်းနယ်စပ်ကဆိုပြီး ကျောင်းသားတချို့ဝင်လာတယ်။ ပိုက်ဆံကူညီချင်တယ်လို့ပြောတယ်။
ကျနော်တို့ကဘာလုပ်ပေးရမှာလဲလို့မေးတော့၊ ပုံမှန်သတင်းတွေကိုသာပို့ပေးပါတဲ့။ ကျနော်တို့သူ့ဆီကပိုက်ဆံကိုမယူခဲ့ပါဘူး။
ငွေရေးကြေးရေးကူညီတယ်ဆိုတာ ၈၈အရေးတော်ပုံကာထဲကရှိတာဗျ။ ခုမှမဟုတ်ဘူး။ ဒါပေမဲ့ ၈၈ တုံးကမြေအောက်လှုပ်ရှားမှုလာလုပ်
တဲ့သူတွေကခုလိုလူတွေလိုမဟုတ်ဘူး။ သံမဏိစည်းကမ်းနဲ့နေတာ။ ခုကျ... သတင်းဝယ်ယူတာကို၊ သတင်းရောင်းစားတာကိုမြေအောက်
လှုပ်ရှားမှုလုပ်တယ်ထင်နေကြတာ။ လူတိုင်းနဲ့လျှောက်တွေ့တယ်။ မျိုးဆက်သစ်လူငယ်အုပ်စုတွေအဖမ်းခံရတယ်။
ရင်မောစရာပဲဗျာ။ မခက်ဘူးလား။

ပေးစာ (၃) ဘာလုပ်ကြမှာလဲ

အတိုက်အခံ ဆိုသော၊ ကျောင်းသားခေါင်းဆောင်ဆိုသောပုဂ္ဂိုလ်တွေကိုတခုမေးချင်ပါတယ်။ ဂန်ဘာလီလာတော့ ဂန်ဘာလီနောက်လိုက်
သုံးသပ်၊ ဘန်ကီမွန်းလာတော့ ဘန်ကီမွန်းနောက်လိုက်ပြီးသတင်းပေါ်မှာလိုက်ဆွေးနွေး။ ဆိုင်ကလုံးဖြစ်တော့ ဆိုင်ကလုန်းပေါ်မှာမျော..
ခင်ဗျားတို့ပြောတော့ ကုလသမဂ္ဂ ဆိုတာ ဘာမှသုံးမရဘူးဆို...ခင်ဗျားတို့ပြောတော့ လူထုအင်အားဆို...
ဘာလို့လူထုအင်အားကိုအခြေခံပြီးမလုပ်ပဲ ပေါ်ပင်တွေလုပ်နေကြတာလဲ။ ဆီမီနာတွေ၊ ညီလာခံတွေလုပ်ပြီး လိမ်စားမနေကြပါနဲ့တော့၊ တချို့ အနှစ် (၂၀) စာစုစောင်းမိထားတဲ့ ထိုင်းနယ်စပ်ကလူတွေကိုလည်းအပြစ်မပြောချင်တော့ပါဘူး။
ဒါပေမဲ့ ဒီတခါတော့တောင်းပန်ပါတယ်ဗျာ။ပိုက်ဆံတွေလိမ်စားနေတာတွေရပ်ပြီး ပြည်သူအကျိုးကိုတချက်လောက်လုပ်ကြပါအုံး။
လူတွေပြောနေတဲ့ “ ဗမာပြည်နိုင်ငံရေးက ထိုင်းနယ်စပ်ကကောင်တွေ နဲ့စစ်တပ်ပဲချမ်းသာပြီးလူထုကငတ်နေတယ်” ဆိုတဲ့
ဝေဖန်သံတွေကိုလည်းကြားမိကြလိမ့်မယ်လို့ထင်ပါတယ်။ စစ်တပ်လို အကျင့်ပျက်ချစားနေတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ
ကျဆုံးကြပါစေလို့ဆုတောင်းနေတယ်ဗျာ။ ကြာပန်းလည်းခူး၊ ဟိုဘက်ကမ်းလည်းရောက်အောင်ပို့ တဲ့ ဘုရားဟောခဲ့ဘူးတယ်။

ပေးစာ(၄)..... ဆိုင်ကလုန်းကမွှေနှောက်သွားသောအတွေးများ.......

ဆိုင်ကလုန်းမကျခင်တုံး က အတိုက်အခံနိုင်ငံရေးသမားတွေကြားမှာ လူထုအင်အားဆိုပြီး အော်ခဲ့ကြတယ်ဗျ။ ဆိုင်ကလုံးလဲ ကျ၊ လူတွေလည်းဒုက္ခရောက်ရော.. လူသားချင်းစာနာမှုအကူအညီတွေ နဲ့ပြင်သစ်ကပဲဝင်မှာလိုလို၊ အမေရိကန်ကပဲလာမှာလိုလို..
ဟိုအားကိုး၊ ဒီအားကိုးဖြစ်ကုန်ကြရော။ ကျနော်ထင်တယ်။ အဲ့ဒီလူတွေ.. လူထုအင်အားကိုတကယ်မယုံဘူးလို့..
မသိလို့မေးပါရစေအုံး
လူသားချင်းစာနာသနားမှုအကူအညီတွေဇွတ်ဝင်ပေးပြီး အာဏာရှင်တွေပြုတ်ကျသွားတဲ့တိုင်းပြည်တခုလောက်ရှိရင်ပြောပြစမ်းပါအုံး။
အော်... ဆိုင်ကလုံးက ဧရာဝတီမြစ်ဝကျွန်းပေါ်တင်မကဘူး။ အတိုက်အခံတွေကိုလည်းဝင်တိုက်သွားတာကိုး.... ကျွတ်ကျွတ်... ကျွတ်ကျွတ်......

Unknown said...

စားပေါက်ကတော့ အမျိုးမျိုးပဲနော်။ ၁၉၉၆ ခုနှစ်တုန်းလည်း Open School Campaign ဆိုပြီး ဒေါ်လာသန်းချီတဲ့ ရရှိတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နော်ဝေးတနိုင်ငံတည်းက
လုပ်ချလိုက်ပြန်ပြီအော် တော်တော် တော်တဲ့ ပုဂ္ဂိုလ်တွေပါလား။ နေ ကရိုနာ သန်း ၂၀ လောက် ရရှိခဲ့တယ်။ အဲဒီတုန်းကလည်း ကျော်ကျော် နိုင်အောင် ခင်မောင်ဝင်းတို.က ဦးဆောင်တယ်။ ဒေါက်တာသောင်းထွန်းကတို.က နောက်က ပံ့ပိုးပေးတယ်။ ဗကသများအဖွဲချုပ် နိုင်ငံခြားရေးကော်မတီနှင့် အတူ Open School လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နောက်ဆုံး အဝေမတဲ့လို. မဲဆောက်မှာ ရှိတဲ့ ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီရုံးမှာ ကွန်ပြူတာကို ယူသူက ယူ တခြား ပစ္စည်းကို စွဲသူက စွဲဆိုပြီးအချင်းချင်း အဝေမတည့်လို. ရရာကို ယူပြီး အမွေခွဲသလိုဖြစ်ခဲ့တာ အားလုံး မှတ်မိနေကြမှာပါ။ကဲ အခု လာပြန်ပြီ။ လုပ်ချလိုက်ပြန်ပြီ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတဲ့။ ကြားရရင်တော့ နတ်လူ သာဓု ခေါ်ရမည့်ကိစ္စ။ အကြောင်း အမျိုးမျိုးကြောင့် ထောင်ထဲမှာ အဖမ်းခံရသူတွေကို သနားမိသလို။ စာလည်း စာနာမိပါတယ်။ လွတ်လည်း လွတ်စေချင်ပါတယ်။နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလွတ်တော့မသိဘူး။ ဒီလှုပ်ရှားမှုအတွက်ကို အကြောင်းပြပြီး လုပ်စားဖို.အတွက် ဂွင်တခုကတော့ ကျော်ကျော်တို. နိုင်အောင်တို. ခင်ဥမ္မာတို. လက်ဦးမှု ရရှိလိုက်တာပဲ။ ဒီတခါတော့ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီ၏အပိုင်နယ်မြေမဟုတ်တော့ဘူး။ မောင်မောင်တိတ်တို.. ဘိုကြည်တို. စားချက်ဖြစ်သွားတယ်။ နိုင်ငံရေးအကျဉ်းသားမဟုတ်လား။ ဆရာကြီးကျော်ကျော်တို. နိုင်အောင်တို..ကတော့ ထုံးစံတိုင်းပဲ။ စားကွက်ထွင်ရာမှာတော့ စံပဲ။ ဒါကြောင့်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေး လုပ်နေပါတယ်လို. ပြောရင်းနှင့်ပဲ ကားကောင်းကောင်းကြီးတွေ စီး။ အိမ်ကောင်းကောင်းကြီးတွေမှာနေ။ မက်ဆီကိုက ဘိန်းဘုရင် Drug Cartels တွေလိုပဲ ခေါင်းဆောင်ကြီးတွေလိုဖြင့် ဗိုလ်စံစံနှင့် ထိုင်းနိုင်ငံမှာ ဇိမ်ခံနေတာ။ ဒါကြောင့် ကျော်ကျော်တို. နိုင်အောင်တို. ခင်မောင်ဝင်းတို. ခင်ဥမ္မာတို. လုပ်တဲ့ နိုင်ငံရေး တော်လှန်ရေးကို လုပ်ချင်လို. အားကျနေတဲ့သူတွေလည်း ဒုနဲ.ဒေးရှိနေတယ်။ သွားရည်ယိုသူတွေ အများသားပဲ။ မြန်မာပြည်မှာ စီးပွားရေး လုပ်ရင်တောင် သေချာပေါက် ကြီးပွား မကြီးပွားက မသေချာဘူး။ နောက် ဟိုလူဖား ဒီလူဖားနှင့် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အခုတော့ တော်လှန်ရေး ခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် လူအခွင့်ရေးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေလည်း ရရှိသေးတယ် မျက်နှာပန်းလည်း လှတယ်။ နောက် ငွေလည်း အချောင်ရတယ်။ နိုင်ငံတကာနှင့် သွားချင်ရာလည်း အခမဲ့ ခရီးသွားခွင့်ရရှိတယ်။ ဒီတော့ ဒီလို တော်လှန်ရေးမျိုး အလုပ်မျိုး နှစ်ရှည်လရှည်ဖြစ်စေချင်တာ ဘာ ဆန်းမလဲ။စောစောစီးစီး ပွဲပြီးသွားရင် ဒုက္ခရောက်ရချီရဲ့။ ကိုယ်ကျိုးနည်းရချီရဲ.။ တကယ် ခံနေရသူတွေကတော့ အထဲကလူတွေပဲ။ သနားစရာ ကောင်းတယ်လို. ပြောရမလား။ မဟုတ်ရင်လည်း ဒီလောက် အသုံးမကျရလားအ လှ ချီလားဆိုပြီး ဒေါသ ထွက်ရမလား။ သူများတွေ လုပ်စားခွင့် ဂွင်ရအောင် စားခွက်ရအောင် ကိုယ့်ဘ၀တွေ မိသားစုဘ၀တွေကို စတေးပြီး အထဲမှာ စွပ်အတင်း လုပ်နေတာ။စစ်တပ်ကို စိမ်ခေါ်နေကြရှာတာ။ သနားပါတယ်နော်။ ဒီလို လုပ်လေ တိုင်းပြည်တော့ ဘာမှ ဖြစ်မလာသလို သူတို.ဘ၀တွေလည်း ပျက်။ တကယ် အမြတ်ထွက်သူတွေကတော့ NDD က ကျော်ကျော် နိုင်အောင် ခင်ဥမ္မာနှင့် DVB က ခင်မောင်ဝင်းတို. NCGUB က သောင်းထွန်းတို.ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီတခါ No Vote 2010 Election တော. ဈေးကွက်မ၀င် ဈေးကွက်မမြင်လို.လားမသိ ရှောင်နေတယ် လူ အ လေးတွေလို။Campaign လုပ်စားသူ ဆန်.ကျင်ရေးတပ်ဦး ( Political Marketing Group)