Thursday, August 7, 2008

ပီကင်းအိုလံပစ်မှာ

ပီကင်းအိုလံပစ်ပွဲကိုရောက်နေတဲ့အမေရိကန်သမ္မတကြီးမှာဒုက္ခတွေ့နေပါတော့တယ်။
လာရောက်ကြတဲ့နိုင်ငံတကာကလူတွေက တရုတ်သမ္မတကြီးကိုဗမာစစ်အစိုးရကိုလက်နက်ရောင်းပြီး
ထောက်ပံ့နေတဲ့အတွက်ဝက်ခြေထောက်ရိုးတွေနဲ့ပစ်ပေါက်ကြပြီး
အမေရိကန်သမ္မတကြီးကိုတော့အဆိပ်ပင်ရေလောင်းတယ်လို့စွပ်စွဲကြသတဲ့။သမ္မတကြီးက ငါဘယ်သိပါ့မလဲ၊မင်းတို့တွေ့ခိုင်းတဲ့လူတွေကသူခိုးတွေဆိုတာ။နောက်ဆုံးတွေ့ဆုံဖို့စီစဉ်ပေးသူတဦးဖြစ်တဲ့ဦးရဲထွန်းရဲ့သမီး
ဝါရှင်တန်ဒီစီမှာနေထိုင်သူ စန္ဒာခင်ကိုဖမ်းလေသတဲ့။ သူ့ယောင်္ကျားကစီအိုင်အေနဲ့ရောဗမာအစိုးရနဲ့ပါစီးပွားရေးလုပ်နေသူ။
“လာစမ်း--တော်တော်ရှုပ်တဲ့ကောင်မ။ နင့်ကို သံလုံးပစ်ပြိုင်ပွဲထိပ်မှာရပ်ခိုင်းပြီး ပစ်သမျှသံလုံးကိုဖမ်းခိုင်းမယ်”လို့ကြိမ်းမောင်းတော့ အဲ့ဒီအမျိုးသမီးကြီးကပြန်ပြောတယ်။
“သမ္မတကြီးရှင့်ကျမကဖမ်းဖို့လက်မသန်ဘူး”

ဘုရှ်ကတော်တော်တင်းသွားပြီးစိတ်ဆိုးမာန်ဆိုးပြောလိုက်တယ်။
“သန်တဲ့ဟာနဲ့ဖမ်း” တဲ့
သမ္မတကတော်လော်ရာဘုရှ်ရောက်လာပြီး ဘုရှ်ကိုရန်တွေ့သတဲ့

ရှင့်ကိုယ်မှာအနံ့တွေမကောင်းဘူး၊ ရှင်ဘာလုပ်ခဲ့သလဲ ဆိုတော့။ ဘုရှ်ရဲ့မျက်နှာကြောင်ကလေးအစာမျှော်သလို
မျက်နှာသေးသေးလေးနဲ့ပြန်ပြောရှာတယ်။

“ဟာ---ဟိုကောင်ဘိုဘိုကျော်ငြိမ်းဆိုတဲ့ ဖာဂေါင်းဆီကအနံ့အသက်တွေဖြစ်မယ်။”
သမ္မတကတော်မှာ ဘိုဘိုကျော်ငြိမ်းနာမည်ကြားကတည်းက အန်ရှာလေတော့တယ်။
မျက်စောင်းထိုးပြီးလှည်ံထွက်မသွားခင်
“ရှင်အဲ့ဒီအနံ့အသက်တွေမပျောက်ရင်ကျမနားမကပ်နဲ့ ”တဲ့
အမေရိကန်သမ္မတဘုရှ်ခင်မျာ---ပီကင်းအိုလံပစ်ဖွင့်ပွဲမှာစကားမပြောနိုင်ရှာပဲ နှာခေါင်းတရှုပ်ရှုပ်လုပ်ရင်း
သူ့ကိုယ်သူစိတ်ပျက်နေရှာတော့တယ်။

No comments: