Wednesday, August 20, 2008

ဂန်ဘာရီကို ဒဏ္ဍာရီလုပ်ပစ်မယ့် ဘိုကြည်

ကိုသန်းရွှေတို့ဘယ်လောက်ချမ်းသာချမ်းသာရုပ်တွေကထွတ်နေသည်။ ပြည်သူဆီကမသထာရေစာစားရသော
အရာတွေနှင့် ရုပ်ကဘယ်လိုမှအဆင့်အတန်းမရှိ။ အေအေပီပီကကောင်တွေလည်းဒီလိုပဲဖြစ်၏။
ဘိုကြည်တယောက်ကတော့ မန်တက်နေပြီ။ ဗမာပြည်တုံးကလမ်းထိပ်ရေဘုံဘိုင်မှာရေသွားချိုးခဲ့ရသောဘဝတွေခုတော့သတိမရတော့။
ထိုင်းနိုင်ငံကအကောင်းဆုံးခေါင်းလျှော်ရေသုံးသော်လည်းလူရုပ်ကမပေါ်။ မိန်းမကပြောယူရသည်။ ရှင်တော်တော်နံတယ်တော် ဆိုပဲ။ ဂန်ဘာရီပုံကိုကြည့်ပြီးခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်။

မိန်းမ--- တော်ကဘာတွေများပြင်းပြင်းထန်ထန်ဝေဖန်လိုက်သလဲ
ဘိုကြည်--- ဂန်ဘာရီဆိုတဲ့ကောင်--ကြည့်စမ်း--ဒီကောင်အသားကတော့မဲတယ်။ ငါ့လိုပဲ အသားမဲသလိုစိတ်ဓါတ်ကညစ်မဲနေလားဆိုတာစဉ်းစားနေတာဟ

မိန်းမ--မပူပါနဲ့ပါနဲပါနဲ့တော်။သုံးမရလို့ စစ်တပ်ကလာခွင့်ပြုတာနေမှာပါတော့။ သူကဗမာပြည်တခါသွားပြီးရင်နိုက်ဂျီးရီးယားမှာ ဗလီကျောင်းတကျောင်းသွားဆောက်တယ်ပြောတယ်။ ကြီးပွားပါ့တော်။

ဘိုကြည်--- ငါတို့လည်းစစ်တပ်ကအကျဉ်းသားတွေကိုနှိပ်စက်ရင်လေဒီယိုကအော်ပြီးမြိုးမြိုးမျက်မျက်ရပါတယ်ဟ

မိန်းမ---ရှင်တို့ကတန်တယ်ရှင်-- တိတ်နိုင်ကထောင်လေး(၃) နှစ်လောက်ကျပြီး၊ (၃) ဘဝစာလောက်
ချမ်းသာတယ်။ ရှင်က ကျမတို့မိသားစုအတွက် ရန်ကုန်မှာတိုက်နဲ့ကားလေးအရင်းအနှီးလေး
လုပ်ပေးလိုက်တယ်။ ကျမလည်း (၃) နှစ်လောက်ထောင်ကျချင်လိုက်တာ။

ဘိုကြည်-- တိုးတိုး--မိန်းမရ--ရန်ကုန်မှာရေခဲဆိုင်မှတ်တိုင်နားမှာဖွင့်ထားတဲ့စားသောက်ဆိုင်ကိုလူတွေ
သိကုန်အုံးမယ်။ အနှိပ်ခန်းပါတွဲမလားစဉ်းစားနေတာဟ

မိန်းမ--- ဂန်ဘာရီကြီးရှင့်စိတ်ဓါတ်မှီအောင်ရှင့်ရဲ့ပေါင်းတင်နည်းပေးဖို့ မီးသွေးသွားဖျော်လိုက်အုံးမယ်။
အရင်ညတွေလိုပဲ၊ ပျစ်ပျစ်လေးလား။

ဘိုကြည်--- စံတွေးလေးနည်းနည်းထည့်သွေးဟာ၊ အနံကိုအနံထပ်တော့ မွှေးသွားတာပေါ့
ဘိုကြည်မိန်းမကတော့သူ့ယောင်္ကျား ညညဆို မီးသွေးခဲကိုသွေးပြီးမျက်နှာပေါင်းတင်လေ့ရှိတာသိသည်။
သူ့ယောင်္ကျားစိတ်ကညစ်ပတ်မဲတေနေတော့ မီးသွေးခဲပေါင်းတင်လိုက်ရင် သူ့စိတ်မဲတာကိုလူတွေမသိဟု
ထင်နေသည်။ မရ။ ရပ်ကွက်ကလူတွေက ဘိုကြည်အတွက်လမ်းကြိတ်စက်ဝယ်လာသည်။
ကပ်တရာစီးများနှင့်လမ်းကြိတ်စက်ထဲထည့်လိုက်ရင် မဲညစ်နေသည့်မျက်နှာနှင့်စိတ်ဓါတ်
တသားတည်းဖြစ်သွားမည်ဟုပြောကြသည်။ဂန်ဘာရီကို ဒဏ္ဍာရီလုပ်ချင်သော ဘိုကြည်တယောက်မကြာခင် ကပ်တရာစီးလမ်းခင်းမည့်လမ်းကြိတ်စက်အောက်ရောက်တော့မည်။ ဘိုကြည်သောက်သည့်ဆေးလိပ်မီးခိုးကပိုပြီးမဲကာနံနေည်ဟုအလုပ်သမားတွေကဆိုသည်။
အကျဉ်းသားတွေကိုပြပြီးပရိုပိုဆယ်တင်၊ အိမ်ဝယ်စီးပွားရေးလုပ်သည့်သူ့အတွေးတွေ
လမ်းကြိတ်စက်ထဲမှုန်မှုန်ကြဲသွားခဲ့ပါတကား။

9 comments:

fight for win said...

ဒီဘလော့ကပို့စ်တွေကနဲနဲယုတ္တိရှိအောင်ရေးစေချင်တယ်
တော်တော်များများကကလေးကြိုက်တွေတောင်မရှိသ
လောက်ဘဲလူကြီးတွေဖတ်ရင်အကုန်အူတက်ပြီးလျောကုန်
မယ်။

Unknown said...

ကောင်းပါတယ်။
အနှစ် နှစ်ဆယ်နီးပါး ဖြစ်ပွားနေတဲ့ နယ်စပ်နှင့် ဆက်စပ်နေတဲ့ နိုင်ငံရေးမှာ သူ့ကို ငါမပြော။ ငါ့ကိုလည်းလာမပြောနဲ့။ ပြောချင်တဲ့သူများ ရှိပြန်တော့လဲ အားနာလို့ပြော မထွက်။ အနှစ်နှစ်ဆယ်ပြည့်ပြီ။ ဒီလိုဝေဖန်မှုတွေနဲ့အတူ နပ်စပ်နိုင်ငံရေး ကိုအားလုံးပြန်လည် သုံသပ်ကြဖို့ အချိန်တန်ပါပြီ။
အခုလုပ်စားနေတဲ့ လူတွေထဲ အချို့တွေ ကတစ်ချိန် က နိုင်ငံရေးအတွက် စေတနာမှန်နဲ့ ပေးဆပ်ခဲ့တဲ့ သူတွေလည်းပါပါတယ်။ ဒါပေမယ့် အခုတော့ အခြေအနေနဲ့ အချိန်အခါအရရပ်တည်မှု။ မြင်တွေ့လာရတဲ့ အခွင့်အလမ်း။ ခါးသီးခဲ့တဲ့ ဘ၀ အတွေ့ အကြုံတွေ့နဲ့ ပြောင်းလဲသွားရတာလဲရှိမှာပါ။ အဲဒီလူ တွေအတွက်၊ ဆုံးရှူံးသွားတဲ့ စိတ်ဓါတ်တွေ အတွက် အရမ်း နှမြောမိပါတယ်။ နောက်ထပ်လည်း အခွင့်အရေးများ ပေးလျင် ထပ်ပြီး ဆုံးရှူံးရအုံးမယ့် လူတွေနဲ့ စိတ်ဓါတ်တွေလည်းရှိနေပါသေးတယ်၊ ဒီလို အခွင့်အရေးမျိုးပေးလျင် ဒီလူတွေလိုဘဲ ဖြစ်လာမယ့် လူတွေနှင့် အခွင့်အရေးကို စောင့်နေတဲ့သူတွေ သူတို့လို အခွင့်အရေးမရလို့ ဒေါသထွက်နေသူတွေလည်း အများကြီးပါ။ အဲဒါကြောင့် အခုလက်ရှိလူတွေလည်း ဆင်ခြင်လာအောင် နောက်ဒီလို လူတွေမျိုးလည်း ထပ်မပေါ်လာအောင် ၀ိုင်းဝန်းစဉ်းစားကြဖို့ အချိန်တန်ပါပြီ။
ဝေဖန်ခြင်းကြောင့် တိုင်းပြည်နဲ့လူမျိုးအတွက် အကောင်းဘက်ကို ဆောင်သွားနိုင်ပါစေ။ ဝေဖန်ခြင်းကြောင့် အမုန်းတရားနဲ့ စိတ်ဝမ်းကွဲပြားမှု မဖြစ်ပေါ်အောင် သူလည်းအကျိုးမရှိ ကိုယ်လည်းအကျိုးမရှိ အများလည်းအကျိုးမရှိ တဲ့ ပုဂိုလ်ရေး ဝေဖန်မှုမျိုးမပါလျင် ဒီဘလောက် ဟာပိုပြီးလှပပြီး တန်ဖိုးရှိသွားပါလိမ့်မယ်၊

အိုးဝေအောင် said...

ဘိုကြည် လူ့အခွင့်အရေး ကာကွယ်သူဆု ရရှိ Print E-mail

အင်္ဂါနေ့၊ စက်တင်ဘာလ 16 2008 17:22 -

အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုဘိုကြည်အား လူ့အခွင့်အရေး ကာကွယ်သူဆု (Human Rights Defender Awards) ယမန်နေ့က ချီးမြှင့် လိုက်သည်။

ကိုဘိုကြည်သည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း ( မြန်မာနိုင်ငံ ) အေအေပီပီ ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်ပြီး ထိုအသင်းကို စတင် တည်ထောင်ရာတွင် ပါဝင်ခဲ့သူ တဦးလဲ ဖြစ်သည်။

၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုတ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ကိုဘိုကြည်သည် မြန်မာနိုင်ငံ အကျဉ်းထောင်များ ထဲတွင် (၇) နှစ်ကျော် အကျဉ်းချ ခံခဲ့ရပြီး နောက် ထိုင်း-မြန်မာ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း နိုင်ငံရေး အကျဉ်းသာများ လွတ်မြောက်ရေး အတွက် နိုင်ငံတကာမှ ဖိအားပေးရန် လှုံ့ဆော်ခြင်းများ လုပ်ဆောင်နေသူ ဖြစ်သည်။

ယ္ခုနှစ်အတွက် လူ့အခွင့်ရေး ကာကွယ်သူဆုကို မြန်မာနိုင်ငံသား ကိုဘိုကြည်နှင့်အတူ ကွန်ဂို၊ ဆော်ဒီအာရေးဗီးယား၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန် နိုင်ငံသားများ စုစုပေါင်း ငါးဦးအား ချီးမြှင့် ပေးအပ်ခြင်း ဖြစ်သည်။

mind said...

ဒီမှာအာပလာဘလော့ဂါ။နင်တို့အဖေရဲ့ဆုရတဲ့သတင်းလေး
ဖတ်ကြည့်အုံး။ဒီဘက်မှာလာပြီးပြေးကပ်ခြေသလုံးဖက်ဖို့
တော့မစဉ်းစားနဲ့နော်။နင်ကအမျိုးသားသစ္စာဖေါက်ဖြစ်နေ
ပြီးတော့မှတော်လှန်ရေးခေါင်းဆောင်တွေကိုနအဖအလို
တော်ရိလုပ်နေလက်စနဲ့နေလိုက်တော့နော်နင့်ဆရာအေး
လွင်တို့စီသာခြေသလုံးသွားဖက်လိုက်တော့မသာလေးရေ

အိုးဝေအောင် said...

သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး
သူခိုး သူခိုး

သူခိုး သူခိုး
သူခိုး သူခိုး
(သူခိုး)

Unknown said...

BIGGEST THIEF ZAW Z HLAING
မင်းအကြွေးကျေအောင်ဆပ်ဖို့ ပြင်ပါ ။ မဆပ်ရင် မင်းခြေထောက်က အနူရောဂါဟာ တကိုယ်လုံးပြန့် လာမှာ ကျိန်းသေပဲ။သတိသာထား ။ အဲဒီ သူခိုး အနူ ၀ဲစားနဲ့ ဝေးဝေးနေကြဟေ့ ။ပိုးကူးမယ် ။ သူ့ မိန်းမလေး အီခမ်းသူ့ ကို ပစ်သွားတာသူခိုး ငနူ ၀ဲစားဆိုတာ သိလာလို့ ပစ်တာ-
မင်းမိန်းမဟောင်း အီခမ်း မင်း ကို ပစ်သွားတာ မင်းဟာ သူခိုး ငနူ ၀ဲစားဆိုတာ သိလာလို့ ပစ်တာ
ကျိန်းသေပဲကွ ။ သူ တော် ကောင်း တွေရဲ့ ငွေကို လိမ်တဲ့ ကောင် မင်း အနူ ရောဂါ ဒီ့ထက်ဆိုးဖို့ ရှိတယ် ။
အကြွေးပြန်ဆပ်ပါ ။ အချိန်မှီသေးတယ် -

Funny Man said...

Hello,

Who ever you are. Will u stop criticizing people,or show up your identity if you want to criticize. We want to see how much of truth your messages carries. It is cowardice to hide your identity and to criticize. This proves that you definitely are no better then those you criticize.

သတ္တိရှိရင် အကောင်ပြပါလား၊ ခိုးကြောင်ခိုးဝတ်နဲ့ လူတွေ ကို အတင်းတုတ်နေတာ သူရဲဘော ကြောင်လို့လား။ ခင်ဗျား အဲသလို ခိုးကြောင်ခိုးဝတ်နဲ့ ပြောနေတော့ ခင်ဗျားဝေဖန်နေတဲ့ လူတွေက လူတော် လူကောင်းတွေ ဖြစ်တယ်လို့ စာဖတ်သူတွေ ထင်ရတာပေါ့။ လူဆိုတာအမှားမကင်းပါ၊ အပြုသဘော ဆောင်ပီး ဝေဖန်လိုရင် လူကောင်ပြပီးပြောပါ၊ ဒါမှမဟုတ်ရင် မနာလိုဝန်တိုစိတ်နဲ့ 'မစားရတဲ့အမဲ သဲနဲ့ပက်' နေတယ် လို့ ကျနော်တို့ ယူစရမှာပဲ။

အိုးဝေအောင် said...

တချို့သော တော်လှန်ရေးသမားတွေရဲ့ သားမယားတွေမှာ ရွှေတွေဆင်ထားတာ တွေ့ရပါတယ်။ တချို့ငယ်ငယ်ရွယ်ရွယ် တပ်မှူးလေးတွေမှာ ရွှေဆွဲကြိုး ဆွဲထားတာတောင်တွေ့ရပါတယ်။ သူတို့ချမ်းသာ နေတယ်ဆိုတာကို ဝင့်ဝါပြတဲ့သဘောပါ။ တချို့အဖွဲ့အစည်းက ခေါင်းဆောင်တွေဆိုရင် ကားကြီး ကားငယ်တွေတောင် ပိုင်ထားကြတယ်လို့ တိုးတိုးတိတ်တိတ်ရော အတိအလင်းပါကြားရပါတယ်။ တချို့ဆိုရင်လည်း တောထဲတောင်ထဲမှာတောင် အိမ်ကြီးရခိုင်တွေနဲ့ ရှေးခေတ် နယ်စားပယ်စားကြီးတွေလို ခန်းနားကြီးကျယ်နေတာကိုတွေ့ရပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ပုံ ပိုင် ဆိုင်နည်း သဏ္ဌာန်တွေကတော့ စုံလို့ပါဘဲ။ "ပြောလည်းမပြောတတ်ပါပြီ” လို့ဆိုရလောက်အောင် ထွေပြားလှပါတယ်။(from khitpyaing.org)

Unknown said...

စားပေါက်ကတော့ အမျိုးမျိုးပဲနော်။ ၁၉၉၆ ခုနှစ်တုန်းလည်း Open School Campaign ဆိုပြီး ဒေါ်လာသန်းချီတဲ့ ရရှိတဲ့ လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နော်ဝေးတနိုင်ငံတည်းက
လုပ်ချလိုက်ပြန်ပြီအော် တော်တော် တော်တဲ့ ပုဂ္ဂိုလ်တွေပါလား။ နေ ကရိုနာ သန်း ၂၀ လောက် ရရှိခဲ့တယ်။ အဲဒီတုန်းကလည်း ကျော်ကျော် နိုင်အောင် ခင်မောင်ဝင်းတို.က ဦးဆောင်တယ်။ ဒေါက်တာသောင်းထွန်းကတို.က နောက်က ပံ့ပိုးပေးတယ်။ ဗကသများအဖွဲချုပ် နိုင်ငံခြားရေးကော်မတီနှင့် အတူ Open School လှုပ်ရှားမှုကို လုပ်ခဲ့တယ်။ နောက်ဆုံး အဝေမတဲ့လို. မဲဆောက်မှာ ရှိတဲ့ ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီရုံးမှာ ကွန်ပြူတာကို ယူသူက ယူ တခြား ပစ္စည်းကို စွဲသူက စွဲဆိုပြီးအချင်းချင်း အဝေမတည့်လို. ရရာကို ယူပြီး အမွေခွဲသလိုဖြစ်ခဲ့တာ အားလုံး မှတ်မိနေကြမှာပါ။ကဲ အခု လာပြန်ပြီ။ လုပ်ချလိုက်ပြန်ပြီ။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတဲ့။ ကြားရရင်တော့ နတ်လူ သာဓု ခေါ်ရမည့်ကိစ္စ။ အကြောင်း အမျိုးမျိုးကြောင့် ထောင်ထဲမှာ အဖမ်းခံရသူတွေကို သနားမိသလို။ စာလည်း စာနာမိပါတယ်။ လွတ်လည်း လွတ်စေချင်ပါတယ်။နိုင်ငံရေး အကျဉ်းသားတွေ လွတ်မလွတ်တော့မသိဘူး။ ဒီလှုပ်ရှားမှုအတွက်ကို အကြောင်းပြပြီး လုပ်စားဖို.အတွက် ဂွင်တခုကတော့ ကျော်ကျော်တို. နိုင်အောင်တို. ခင်ဥမ္မာတို. လက်ဦးမှု ရရှိလိုက်တာပဲ။ ဒီတခါတော့ဗကသများအဖွဲ.ချုပ် နိုင်ငံခြားရေးကော်မတီ၏အပိုင်နယ်မြေမဟုတ်တော့ဘူး။ မောင်မောင်တိတ်တို.. ဘိုကြည်တို. စားချက်ဖြစ်သွားတယ်။ နိုင်ငံရေးအကျဉ်းသားမဟုတ်လား။ ဆရာကြီးကျော်ကျော်တို. နိုင်အောင်တို..ကတော့ ထုံးစံတိုင်းပဲ။ စားကွက်ထွင်ရာမှာတော့ စံပဲ။ ဒါကြောင့်လည်း တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေး လုပ်နေပါတယ်လို. ပြောရင်းနှင့်ပဲ ကားကောင်းကောင်းကြီးတွေ စီး။ အိမ်ကောင်းကောင်းကြီးတွေမှာနေ။ မက်ဆီကိုက ဘိန်းဘုရင် Drug Cartels တွေလိုပဲ ခေါင်းဆောင်ကြီးတွေလိုဖြင့် ဗိုလ်စံစံနှင့် ထိုင်းနိုင်ငံမှာ ဇိမ်ခံနေတာ။ ဒါကြောင့် ကျော်ကျော်တို. နိုင်အောင်တို. ခင်မောင်ဝင်းတို. ခင်ဥမ္မာတို. လုပ်တဲ့ နိုင်ငံရေး တော်လှန်ရေးကို လုပ်ချင်လို. အားကျနေတဲ့သူတွေလည်း ဒုနဲ.ဒေးရှိနေတယ်။ သွားရည်ယိုသူတွေ အများသားပဲ။ မြန်မာပြည်မှာ စီးပွားရေး လုပ်ရင်တောင် သေချာပေါက် ကြီးပွား မကြီးပွားက မသေချာဘူး။ နောက် ဟိုလူဖား ဒီလူဖားနှင့် လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အခုတော့ တော်လှန်ရေး ခေါင်းဆောင် နိုင်ငံရေး ခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် လူအခွင့်ရေးခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေလည်း ရရှိသေးတယ် မျက်နှာပန်းလည်း လှတယ်။ နောက် ငွေလည်း အချောင်ရတယ်။ နိုင်ငံတကာနှင့် သွားချင်ရာလည်း အခမဲ့ ခရီးသွားခွင့်ရရှိတယ်။ ဒီတော့ ဒီလို တော်လှန်ရေးမျိုး အလုပ်မျိုး နှစ်ရှည်လရှည်ဖြစ်စေချင်တာ ဘာ ဆန်းမလဲ။စောစောစီးစီး ပွဲပြီးသွားရင် ဒုက္ခရောက်ရချီရဲ့။ ကိုယ်ကျိုးနည်းရချီရဲ.။ တကယ် ခံနေရသူတွေကတော့ အထဲကလူတွေပဲ။ သနားစရာ ကောင်းတယ်လို. ပြောရမလား။ မဟုတ်ရင်လည်း ဒီလောက် အသုံးမကျရလားအ လှ ချီလားဆိုပြီး ဒေါသ ထွက်ရမလား။ သူများတွေ လုပ်စားခွင့် ဂွင်ရအောင် စားခွက်ရအောင် ကိုယ့်ဘ၀တွေ မိသားစုဘ၀တွေကို စတေးပြီး အထဲမှာ စွပ်အတင်း လုပ်နေတာ။စစ်တပ်ကို စိမ်ခေါ်နေကြရှာတာ။ သနားပါတယ်နော်။ ဒီလို လုပ်လေ တိုင်းပြည်တော့ ဘာမှ ဖြစ်မလာသလို သူတို.ဘ၀တွေလည်း ပျက်။ တကယ် အမြတ်ထွက်သူတွေကတော့ NDD က ကျော်ကျော် နိုင်အောင် ခင်ဥမ္မာနှင့် DVB က ခင်မောင်ဝင်းတို. NCGUB က သောင်းထွန်းတို.ပဲ ဖြစ်တယ်။ ဒါပေမယ့် ဒီတခါ No Vote 2010 Election တော. ဈေးကွက်မ၀င် ဈေးကွက်မမြင်လို.လားမသိ ရှောင်နေတယ် လူ အ လေးတွေလို။Campaign လုပ်စားသူ ဆန်.ကျင်ရေးတပ်ဦး ( Political Marketing Group)